ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စက်မှုလုပ်ငန်းကွန်ဖရင့်တွေမှာ လူသိများတဲ့ နည်းပညာ CEO တွေကို ပရိတ်သတ်တွေ ဒါမှမဟုတ် startup တည်ထောင်သူတွေက အသိမိတ်ဆွေဖွဲ့ မိတ်ဆက်ဖို့ရာအတွက် ကြိုးပမ်းလေ့ရှိကြတာ အထူး အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာသေးမီက ကျင်းပခဲ့တဲ့ နည်းပညာရှိုးပွဲမှာတော့ AI ပိုင်းမှာ hot နေတဲ့ startup ကုမ္ပဏီအသစ်တွေရဲ့ founder တွေက ရေပန်း စားနေခဲ့ပါတယ်။
ဥရောပရဲ့ အကြီးဆုံးနည်းပညာရှိုးပွဲတစ်ခုဖြစ်တဲ့ VivaTech ကို Mistral AI ရဲ့ တွဲဖက်တည်ထောင်သူနဲ့ CEO ဖြစ်သူ Arthur Mensch နဲ့ Anthropic ရဲ့ CEO Dario Amodei တို့ တက်ရောက်ခဲ့ကြပါတယ်။
Mistral AI က သက်တမ်းတစ်နှစ်ကျော်သာရှိသေးတဲ့ ပြင်သစ် Startup ဖြစ်ပေမယ့် ဒေါ်လာသန်းရာနဲ့ချီ မြှုပ်နှံထားပြီးတော့ Microsoft ကလည်း ကျောထောက် နောက် ခံအနေနဲ့ ရှိပါတယ်။ ကုမ္ပဏီရဲ့တန်ဖိုးက ဒေါ်လာ ၂ ဘီလီယံရှိတယ်ဆိုပေမယ့် မကြာသေးမီက အစီရင်ခံ စာအချို့အရ ဒေါ်လာ ၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ရန်ပုံ ငွေကို ရှာဖွေနေကြောင်းလည်း သိရပါတယ်။ OpenAI လိုမျိုး AI model တွေကို တီထွင်တဲ့ Mistral AI ရဲ့ တိုးတက် မှုအဟုန်က CEO Mensch ကို လူအများကြား ရေပန်းစားစေခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက တရားဝင် VivaTech စင်မြင့်ပေါ်မှာ သူရဲ့ panel ကို အပြီးသတ်ပြီးတဲ့နောက် speaker များအတွက် စောင့်ဆိုင်းခန်းမှ အလျင်အမြန် ထွက်ခွာခဲ့ရပြီး အစည်းအဝေးခန်းသို့ အမြန်ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ သူ့အစည်းအဝေးပြီးသွားတာနဲ့ Mensch ရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးက စာနယ်ဇင်းတွေနဲ့ အခြားသော startup ကိုယ်စားလှယ်တွေ ဝိုင်းအုံလာရင် ရုန်းရင်း ဆန်ခတ်ဖြစ်မှာကို မလိုလားတာကြောင့် အလျင်အမြန်ခေါ်ထုတ်သွားခဲ့ရတာပါ။ Mensch ကို လက်ဆွဲနှုတ်ဆက်ဖို့ရာတောင် အမြန်နှုတ်ဆက်ခဲ့ရတယ်လို့ ပွဲလာသူတစ်ဦးက ဆိုပါတယ်။
Anthropic ရဲ့ CEO Amodei လည်း အာရုံစိုက်မှုများစွာရရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက သူရဲ့VivaTech အစည်းအဝေး ပြီးဆုံးတာနဲ့ တပြိုင်နက် Viva Lounge မှ ထွက်တဲ့အချိန် မီဒီယာတွေရဲ့ ကင်မရာများနဲ့သာမက လူအများရဲ့ ကြိုဆိုခြင်းကိုပါ ခံခဲ့ရပါတယ်။ Amazon က 2021 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Anthropic မှာ ဒေါ်လာ 4 ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားပါတယ်။
Mistral AI နဲ့ Anthropic တို့က ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေရဲ့ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုများနဲ့ နည်းပညာဆိုင်ရာ လှုံ့ဆော်မှုတွေကြောင့် နေ့ချင်းညချင်း လူအများရဲ့ အာရုံစိုက်မှုကို ရရှိတဲ့ ကုမ္ပဏီတွေ ဖြစ်လာပါတယ်။
Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang ဆိုရင်လည်း သူရဲ့လုပ်ငန်းက အံ့အားသင့်ဖွယ် ကြီးထွားလာပြီးတော့ ရှယ်ယာစျေးနှုန်းက အရှိန်အဟုန်နဲ့ ဆက်လက်မြင့်တက်နေတဲ့အတွက် ပိုမိုလူသိများတဲ့ပုဂ္ဂိုလ် ဖြစ်လာပါတယ်။
Reference: CEOs of AI startups backed by Microsoft and Amazon are the new tech rockstars by CNBC
AMC HACKS