US အခြေစိုက် start-up Cognition ဟာ ကမ္ဘာ့ပထမဆုံး AI ဆော့ဖ်ဝဲလ်အင်ဂျင်နီယာလို့ ခေါ်ဝေါ်တဲ့အရာကို စတင်လိုက်ပြီဖြစ်ပါတယ်။ Devin လို့ အမည်ပေးထားတဲ့ Cognition ရဲ့ AI ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဟာ functioning websites များနဲ့ ဗီဒီယိုများကို ဖန်တီးရန်အတွက် ကုဒ်ကို ရေးသားနိုင်၊ အမှားရှာနိုင်ပြီး အသုံးချနိုင်ပါတယ်။
Devin ဟာ GitHub၊ Microsoft နဲ့ OpenAI တို့မှ တည်ဆောက်ထားတဲ့ Copilot ထဲကနေ ထုတ်ထားတာဖြစ်ပေမယ့် Copilot ထက် တစ်ဆင့် ပိုမြင့်တဲ့ Software Development Assistant တစ်ခု ဖြစ်ပါတယ်။ ဒီ AI ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဟာ command တစ်ခုတည်းကို ရရုံနဲ့ ထို command ကနေ functioning website သို့မဟုတ် ဆော့ဖ်ဝဲလ်ပရိုဂရမ်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
Devin က ပြဿနာဖြေရှင်းခြင်းအတွက် လိုအပ်တဲ့ အချိန်နဲ့ အားစိုက်ထုတ်မှုကို လျှော့ချနိုင်ပြီး bug များကို ခွဲခြားသတ်မှတ်ကာ ပြုပြင်နိုင်ပါတယ်။ ကုဒ်ရေးနည်းအကြံပြုချက်အချို့ကို အလိုအလျောက် ပြီးမြောက်စေမယ့်အစား Devin ဟာ ဆော့ဖ်ဝဲပရောဂျက်တစ်ခုလုံးကို ၎င်းကိုယ်တိုင်လုပ်ဆောင်ပြီး အပြီးသတ်နိုင်တာပါ။
၎င်းမှာ ၎င်းကိုယ်တိုင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ ကူညီပေးတဲ့ ၎င်းရဲ့ ကိုယ်ပိုင် command line၊ code editor နဲ့ browser များတပ်ဆင်ထားပါတယ်။ ဗီဒီယိုတစ်ခုမှာ Cognition အမှုဆောင်အရာရှိချုပ် Scott Wu က Kevin ရဲ့လည်ပတ်ပုံအား သရုပ်ပြခဲ့ပါတယ်။ အလုပ်လုပ်ရင်းနဲ့ပဲ Devin က ၎င်းလုပ်ဆောင်နေတဲ့ အလုပ်အားလုံးကိုပြသပြီး ကုဒ်ကိုစမ်းသပ်နေစဉ်အတွင်းမှာပဲ bug များကိုရှာဖွေပြီး ပြုပြင်ပေးနိုင်ပါတယ်။
“AI ပရိုဂရမ်မာတစ်ယောက်ဖြစ်အောင် သင်ကြားပေးခြင်းဟာ အမှန်တကယ်မှာ ရှုပ်ထွေးသောဆုံးဖြတ်ချက်များချရန် လိုအပ်ပြီး အနာဂတ်ကို ခြေလှမ်းအနည်းငယ်လှမ်းကြည့်ကာ ဘယ်လမ်းကြောင်းကိုရွေးချယ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ စနစ်လိုအပ်ပါတယ်” လို့ Scott Wu မှ Bloomberg သို့ ပြောကြားခဲ့ပါတယ်။
Reference: Meet Devin, World’s 1st AI Software Engineer Who Can Build Websites, Videos From A Prompt by NDTV World
AMC HACKS