“အလုပ်ပြီးမြောက်နှုန်းကို Tracking လိုက်ဖို့ အကောင်းဆုံး Tools များ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဒီနေ့တော့ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင်ရဲ့ ဝန်ထမ်းလုပ်ဆောင်ချက်တွေ၊ အလုပ်ပြီးမြောက်နှုန်းတွေကို အလွယ်တကူ Tracking လိုက်နိုင်မယ့် Tools တွေကိုဖော်ပြပေးလိုက်ပါတယ်။

▪️Trello – ဝန်ထမ်းတဦးချင်းစီတိုင်းရဲ့ Task, Project, Workflow တွေကိုစောင့်ကြည့်လို့ရတယ်။ Boards, Lists, Card အစရှိသဖြင့် ဖန်တီးပြီးတော့ ကိုယ့် Team ရဲ့ Progress ကိုလေ့လာစောင့်ကြည့်နိုင်ပါတယ်။ Free Plan ထဲမှာကိုပဲ စုံစုံလင်လင်သုံးလို့ရတယ်။

▪️Notion – သူလည်းပဲ Task တွေစီမံတာ၊ Projects တွေကို Scheduled ချပေးတာတွေ၊ ဘာတွေပြီးလဲ/ဘာတွေကျန်လဲဆိုတာတွေကို Tracking လိုက်လို့ရပါတယ်။ အ‌ရေးကြီးတဲ့ Document တွေကိုသိမ်းထားဖို့အတွက်လည်းရတယ်။

▪️Google Sheets – သုံးရအလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဆိုရင်တော့ Google Sheets ပါပဲ။ Microsoft Excel နဲ့ပုံစံတူပါတယ်။ Task, Project တွေစီမံဖို့လွယ်ကူပြီး ဖိုင်တွဲချိတ်ဖို့ဆို Google Drive တို့နဲ့လည်းတွဲသုံးနိုင်ပါတယ်။

ဝန်ထမ်းတွေရဲ့ Productivity တက်စေဖို့ ကူညီပေးနိုင်မယ့် tools တွေလည်းဖြစ်ပါတယ်။

AMC HACKS

Related