လုပ်ငန်းခွင်တွေမှာ AI နဲ့ ၁၀၀ ရာခိုင်နှုန်းအစားထိုးလို့မရဘူးဆိုပေမယ့် AI နဲ့ဆိုရင်အလုပ်ပိုပြီးတယ်၊ AI ကိုသုံးပြီး အလုပ်ပိုတွင်ကျယ်အောင်ခိုင်းလို့ရတာတွေ၊ လက်တွေ့အသုံးချနေတာတွေရှိနေပြီဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ AI တွေကိုအသုံးချတတ်ခြင်းအားဖြင့် ဘယ်လိုအားသာချက်တွေရှိလာမလဲဆိုရင်..?
-AI အကူအညီနဲ့ အလုပ်ပိုပြီးမြောက်စေတယ်။
လုပ်ငန်းဆောင်တာမှာ ထစ်နေတာတွေ၊ ကြန့်ကြာနေတာတွေအတွက် AI ကိုသုံးပြီးပိုမိုမြန်ဆန်စေတယ်။ နည်းလမ်းရှာတတ်စေတယ်။
-မလိုအပ်တာတွေလျှော့ချနိုင်စေတယ်။
လုပ်ငန်းခွင်မှာ Brainstorming လုပ်တာဖြစ်စေ၊ အဖွဲ့လိုက်လုပ်ငန်းဆောင်တာတွေကို Tracking လိုက်ဖို့ဖြစ်စေ၊ Project တွေကိုစီမံခန့်ခွဲရာမှာဖြစ်စေ မလိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကို AI အကူအညီနဲ့ လျှော့ချနိုင်တယ်။
-အစားထိုးလုပ်ဆောင်နိုင်စေတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ Customer တွေသိလိုတဲ့အခြေခံမေးခွန်းတွေအတွက် Chatbot တွေကိုသုံးပြီးပြင်ဆင်ထားတာမျိုး။
သင့်လုပ်ငန်းခွင်ထဲမှာရော ဘယ်လို Tool တွေကိုအကျိုးရှိရှိအသုံးချနေပြီလဲ ?
AMC HACKS