“ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်မယ့် Daily Planner”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

နေ့စဥ်လုပ်ဆောင်စရာတွေကို Planner App သုံးပြီးတော့လည်းမှတ်ချင်တယ်၊ သုံးရတာရိုးရိုးရှင်းရှင်းကိုပဲ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Microsoft To Do ဆိုတဲ့ Planner App လေးကိုသုံးကြည့်ပါ။ 

Gmail အကောင့်တခုနဲ့ဝင်ထားပြီးရင် Screen ရှင်းရှင်းပေါ်မှာ လုပ်စရာ Tasks တွေကို Due Date တွေနဲ့အလွယ်တကူမှတ်တာ၊ Remind လုပ်ခိုင်းတာတွေ ခိုင်းလို့ရပါတယ်။

နေ့စွဲအလိုက် လိုချင်တဲ့အရောင်လေးတွေချိန်းလို့ရတယ်။ Important, Planned, Assigned စသဖြင့် ခွဲထားပြီးတော့လည်း အလွယ်တကူကြည့်နိုင်တယ်။ သုံးရတဲ့ Feature တွေအများကြီးမပါဘူး/မရှုပ်ဘူး။

တနေ့တာလုပ်ဆောင်ချက်တွေမှတ်ရ/ ပြန်ရှာရတာနဲ့ အလုပ်ရှုပ်တဲ့သူတွေအတွက် အလွယ်တကူ ရိုးရိုးရှင်းရှင်းနဲ့ သုံးလို့ကောင်းမယ့် App လေးဖြစ်လို့ ညွှန်ပေးလိုက်ပါတယ်။

AMC HACKS

Related