အမေရိကန် chip ဒီဇိုင်းကုမ္ပဏီ Advanced Micro Devices က Nvidia နဲ့ Intel တို့လိုမျိုး ကုမ္ပဏီတွေနဲ့ AI PC အပြိုင်အဆိုင်ဖန်တီးမှုတွေမှာ ဦးဆောင်မှုရရှိဖို့ရာကြိုးပမ်းနေတဲ့အလျောက် April 16 အင်္ဂါနေ့ကပဲ processors အသစ်တွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။
AI PC တွေဆိုတာကတော့ အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ဆိုခြင်းနဲ့ အကြောင်းအရာဖော်ပြချက်တွေကို အကျဉ်းချုပ်ခြင်း လိုမျိုး AI tasks တွေကို လုပ်ဆောင်နိုင်တဲ့ processors တွေ တပ်ဆင်ထားတဲ့ ကွန်ပျူတာတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
လုပ်ငန်းပိုင်းဆိုင်ရာအတွက် ဒီ PC တွေက powerful အဖြစ်ဆုံး chip တွေကို အသုံးပြုထားတာ ဖြစ်ပြီးတော့ Laptop တွေအတွက်က Ryzen Pro 8040 စီးရီး processors တွေနဲ့ desktops အတွက်က Ryzen Pro 8000 စီးရီး processors တွေကို အဆင့်မြင့် 4-nanometer နည်းပညာနဲ့ တည်ဆောက်ထားကြောင်း AMD မှ ပြောကြားခဲ့ပါတယ်။
ဒီ processors တွေကို 2024 ခုနှစ် second quarter မှာပဲ HP နဲ့ Lenovo အပါအဝင် brand တော်တော်များများရဲ့ PC model တွေကို support ပေးနိုင်ဖို့ရာ မျှော်မှန်းထားကြောင်း အင်္ဂါနေ့က AMD ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ဒီ AMD chip အသစ်တွေက Nvidia နဲ့ Intel ရဲ့ AI chip အသစ်တွေနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ Nvidia လိုမျိုးပဲ AMD ကလည်း သူ့ရဲ့ chip တွေကို ကိုယ်တိုင်ဖန်တီးထားတာမျိုးတော့ မဟုတ်ပါဘူး။ Chip ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် တစ်ခုဖြစ်တဲ့ Taiwan Semiconductor Manufacturing Company ကို chip ထုတ်လုပ်ဖို့ရာအတွက် အဓိကထား ငှားရမ်းပါတယ်။
TSMC က လောလောဆယ်မှာ 3-nanometer chip တွေကို ထုတ်လုပ်နေပြီးတော့ 2025 မှာ 2-nanometer chip တွေ အမြောက်အမြားထုတ်လုပ်ဖို့ရာ မျှော်မှန်းထားကြောင်း သိရပါတယ်။ ပုံမှန်အားဖြင့် nanometer အရွယ်အစားသေးလေ ပိုမိုအားကောင်းပြီး ထိရောက်တဲ့ chip တွေကို ထုတ်ပေးနိုင်လေပါပဲ။
ဇန်န၀ါရီလမှာ AMD က gaming နဲ့ content creation အတွက် ကြီးကြီးမားမားစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မယ့် next-generation Ryzen 8000G စီးရီး desktop processor တွေကို မိတ်ဆက်ခဲ့ပါတယ်။ ထို 8000G စီးရီးကို 4-nanometer သုံးပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
AI PC တွေက ခေတ်သစ်တစ်ခု ဖန်တီးမယ့်အကြောင်းနဲ့ 2022 ခုနှစ် နိုဝင်ဘာလတုန်းက ChatGPT မိတ်ဆက်ပြီးတဲ့နောက် AI တိုးတက်မှုတွေက ပိုမိုသိသာလာကြောင်းကို AMD နဲ့ Intel က ဆွေးနွေးပြောဆိုထားပါတယ်။
AMD CEO Victor Peng က 2024 ခုနှစ် ဒုတိယနှစ်ဝက်မှာ AI PCs တွေ စျေးကွက်ဆက်လက်ချဲ့ထွင်လာမယ့်အကြောင်း CNBC ကို ဖေဖော်ဝါရီလတုန်းက ပြောကြားထားတာလည်း ရှိပါသေးတယ်။ Intel CEO Pat Gelsinger ကလည်း 2023 ခုနှစ်တုန်းက New York မှာ ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲတုန်းက AI PC ဟာ လာမည့်နှစ်ရဲ့ပွဲမှာ လူအပြောအများဆုံး topic တစ်ခုဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
chip ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက AI အပလီကေးရှင်းများအတွက် ပိုမိုထိရောက်ပြီး powerful ဖြစ်တဲ့ chip တွေကို ထုတ်နိုင်ဖို့ရာ အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိကြပါတယ်။
Nvidia ကလည်း ဇန်နဝါရီလအစောပိုင်းတုန်းက Acer၊ Dell နဲ့ Lenovo တို့လိုမျိုး ကုမ္ပဏီတွေရဲ့ PC များပေါ်မှာ generative AI application တွေ အသုံးပြုနိုင်ဖို့ရာအတွက် GPU အသစ်တွေ မိတ်ဆက်ခဲ့ပါတယ်။
Intel ကလည်း PCs တွေပေါ်မှာ AI စွမ်းရည်တွေကို အသုံးချနိုင်ဖို့ရာ Core Ultra chip တွေကို ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့ပါတယ်။ Acer, ASUS, Dell, HP နဲ့ Lenovo အပါအဝင် ကုမ္ပဏီတွေရဲ့ ကမ္ဘာ့ပထမဆုံး AI PCs 230 ကျော်မှာ ဒီ processors တွေကို ထည့်သွင်းသွားမှာဖြစ်ကြောင်းလည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
US အတိုင်ပင်ခံကုမ္ပဏီ Gartner က AI PC များ တင်ပို့ရောင်းချမှုဟာ 2024 ခုနှစ်မှာ PC အမျိုးအစားပေါင်း ရောင်းချနိုင်မှုရဲ့ 22% အနေနဲ့ ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ သုတေသနကုမ္ပဏီတစ်ခုကလည်း ယခုနှစ်ကုန်မှာ AI PC အလုံးရေ 54.5 သန်း တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။
Gartner မှ အကြီးတန်းဒါရိုက်တာ Ranjit Atwal က “စက်ပစ္စည်းတွေမှာ GenAI စွမ်းရည်များနဲ့ AI processors တွေကို လွယ်လင့်တကူ အသုံးပြုနိုင်ခြင်းက အခြေခံလိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ်လာလိမ့်မယ်” လို့ ဆိုပါတယ်။
ဒီအချက်ကပဲ နည်းပညာကုမ္ပဏီတွေအတွက် ပြိုင်ဖက်တွေအကြားမှာ ရင်ဆိုင်ကြုံတွေရမယ့် စိန်ခေါ်မှုဖြစ်လာပြီးတော့ ဝင်ငွေလည်း ပိုမိုတိုးလာစေနိုင်မယ်လို့ ဆိုပါတယ်။
Reference: AMD rolls out its latest chips for AI PCs as competition with Nvidia and Intel heats up by CNBC
AMC HACKS