Namelix
Business name တစ်ခုပေးဖို့အတွက် အလွယ်တကူ brainstorm လုပ်လို့ရတဲ့ Free Ai tool လေး ဖြစ်ပါတယ် ။ ဒီ tool မှာ name တင်မဟုတ်ပဲ typography logo လေးတွေပါပြပေးတဲ့အတွက် logo ထုတ်ဖို့ idea လေးတွေပါ ရနိုင်မှာဖြစ်ပါတယ် ။
Business Name Generator – free AI-powered naming tool – Namelix
Marketing Strategy Generator
5မိနစ်အတွင်း သင့်ရဲ့ထုတ်ကုန်အတွက် ပြီးပြည့်စုံတဲ့ marketing strategy ထုတ်ပေးနိုင်မယ့် Ai tool တစ်ခုဖြစ်ပါတယ် ။Foundation ကနေစပြီး လုပ်ငန်းတစ်ခုရဲ့ လိုအပ်ချက်တွေကို ပြပေးတဲ့အပြင် ကိုက်ညီမယ့် marketing ideas တွေကိုပါ အချိန်တိုအတွင်း ထုတ်ပေးနိုင်ပါတယ် ။ free အနေနဲ့ demo strategy တစ်ခုရမှာဖြစ်ပြီး နောက်ထပ် strategy တွေထပ်သုံးချင်ရင်တော့ တစ်ခုချင်း ဒါမှမဟုတ် unlimited strategies ထိ upgrade plan တွေဝယ်လို့ရမှာဖြစ်ပါတယ် ။
Marketing Strategy Generator — Done in 5 minutes by AI (founderpal.ai)
Adcreative.ai
Advertising post တွေမှာသုံးဖို့ creative Ad တွေကို အလွယ်တကူထုတ်ပေးနိုင်တဲ့ AI Tool တစ်ခုဖြစ်ပါတယ်။နေ့စဥ်လုပ်ငန်းပေါင်း 1.5M ကျော်အသုံးပြုနေတဲ့ Ad creative tool တစ်ခုဖြစ်ပါတယ် ။ Advertising post အတွက် photo, video တွေကို အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ လိုက်ဖက်ညီတဲ့ Headline, text, Ad package တွေအပြင် လုပ်ငန်းပြိုင်ဖက်ရဲ့ Ad တွေကိုပါ တစ်ခါတည်းလေ့လာနိုင်အောင်လုပ်ပေးထားပါတယ် ။ free trial အနေနဲ့ credit 10 ခု ကို တစ်ပတ်အသုံးပြုနိုင်မှာဖြစ်ပြီး Monthly, Yearly Plan တွေကို 29$ ကစပြီး ကိုယ်အဆင်ပြေတဲ့ plan ကို ဝယ်သုံးသွားလို့ရပါတယ်။
Your AI Powerhouse for All Advertising Needs (adcreative.ai)
Descript
AI ကိုအသုံးပြုပြီး video ,podcast ,clip တွေကို အလွယ်တကူ edit လုပ်နိုင်မယ့် tool ဖြစ်ပါတယ် ။
ဒီ tool မှာ editing အတွက် တကယ်အသုံးဝင်မယ့် features တွေ ဖြစ်တဲ့ ( text ကို edit လုပ်လိုက်ရုံနဲ့ ကိုယ်မလိုအပ်တဲ့ စကားလုံးတွေကိုဖျောက်တာ ပြန်ပြင်နိုင်တာ ၊ Ai voice ထည့်တာ ၊ green screen effect ထည့်တာ ၊ background noise ဖျောက်တာ )မျိုးတွေ ပါဝင်ပါတယ်။ free ကတော့ limit ရှိပြီး plan ဝယ်ရင်တော့ တစ်လကို 15$ ကနေ 30$ ထိရှိပါတယ် ။
Descript | All-in-one video & podcast editing, easy as a doc.
Flair.ai
AI ကိုသုံးပြီး Product photo အလွယ်တကူထုတ်နိုင်မယ့် tool တစ်ခုဖြစ်ပါတယ် ။စက္ကန့်ပိုင်းအတွင်းမှာ သင့်ရဲ့ product ကို final photoshoot ထုတ်ပေးနိုင်ပါတယ် ။ free အနေနဲ့ တစ်လကို ပုံ 30 ရမှာဖြစ်ပြီး pro သုံးချင်ရင် တစ်လ $10 ကစဝယ်လို့ရမှာ ဖြစ်ပါတယ် ။