ဒီနေ့တော့ ပြည်ပထွက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတို့အတွက် အမှန်တကယ် အသုံးဝင်မယ့် App လေးတခုနဲ့မိတ်ဆက်ပေးပါမယ်။ အထူးသဖြင့် ထိုင်းရောက်မြန်မာတို့အတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်ဗျ။ နိုင်ငံတော်တော်များများမှာက English Language နဲ့ပဲအဆင်ပြေပြေဆက်သွယ်နိုင်ကြတယ်ဆိုပေမယ့် ထိုင်းမှာတော့ English Language ကိုလည်းသိပ်မသုံးကြဘူးဆိုတော့ တခုခုဆို ဘာသာစကား အခက်အခဲရှိမှာပါပဲ။ ဒီအတွက် Voice Translator (All Languages) ဆိုတဲ့ App လေးကိုသုံးကြည့်ပါ။
ဒီ App လေးထဲမှာ မြန်မာဘာသာစကားအပါအဝင် နိုင်ငံတကာရဲ့ဘာသာစကားအားလုံးကို Voice Translate လုပ်ပေးနိုင်ပါတယ်။
ကိုယ်ပြောမယ့်ဘာသာစကားနဲ့ ပြောင်းချင်တဲ့ဘာသာစကားကိုရွေးချယ်ပြီးတာနဲ့ အလွယ်တကူ Voice Translate လုပ်ပေးနိုင်တယ်။ ဥပမာ မြန်မာလို ထမင်းစားပြီးပြီလား လို့ပြောလိုက်ရင် ထိုင်းဘာသာစကားနဲ့ အသံထွက်ပြီးပြောပေးမှာဖြစ်ပါတယ်။ စကားမပြောချင်လို့ စာရိုက်ပေးလိုက်ရင်လည်း အသံနဲ့ပဲ ပြန်ပြောပေးမှာပါ။
ထိုင်းဘာသာစကားကို အဓိကထားပြီး ပြောလိုက်တာပေမယ့် မိတ်ဆွေက ဂျပန်တို့ တရုတ်တို့မှာ ရောက်နေတယ်ဆိုရင်လည်း ဂျပန် တရုတ်ဘာသာစကားတွေအဖြစ် ပြောင်းပေးနိုင်ပါတယ်။
AMC HACKS