Sarah J. Maas ဆိုတဲ့ စာရေးဆရာမ တစ်ယောက် UK Edition အနေနဲ့ ထုတ်ထားတဲ့ House of Earth And Blood လို့ခေါ်တဲ့ fantasy novel ရဲ့ cover မှာ အသုံးပြုထားတဲ့ မြေခွေးပုံဟာ AI နဲ့ ထုတ်ထားတဲ့ပုံ ဖြစ်နေတာကြောင့် လူပြောခံနေရပါတယ်။
အဲ့ဒီပုံဟာ Adobe Stock ကနေ ယူထားတဲ့ digital illustration ပုံဖြစ်ပြီး ထိုပုံဟာလည်း Aperture Vintage ဆိုတဲ့ user တစ်ယောက်ရဲ့ AI နဲ့ ထုတ်ထားတဲ့ ပုံဖြစ်နေတာပါ။ ထိုသို့ AI ပုံကို cover အဖြစ်အသုံးပြုထားတာကြောင့် စာရေးဆရာမရော Bloomsbury ဆိုတဲ့ ကမ္ဘာ့ထိပ်တန်း ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရော ဝေဖန်ခံနေရတာပါ။
တခြား stock image service တွေ ဖြစ်တဲ့ Getty Images တို့မှာ AI နဲ့ ထုတ်ထားတဲ့ပုံတွေကို ပိတ်ပင်ထားပေမယ့်လည်း Adobe Stock platform မှာတော့ AI ပုံတွေကို သတ်မှတ်ချက်တစ်ချို့နဲ့ တင်ခွင့်ပေးထားတာပါ။ AI နဲ့ ထုတ်ထားတဲ့ပုံဆိုတာ ရှင်းရှင်းလင်းလင်းသိရအောင် label တပ်ရမှာရယ် commercial အသုံးပြုနိုင်ဖို့ ပုံတင်သူမှာ ဒီပုံထုတ်ထားတဲ့ AI tools တွေရဲ့ သတ်မှတ်ချက်တွေ၊ commercial အသုံးပြုခွင့် ပေးမပေး၊ စတဲ့ လိုအပ်သမျှ လုပ်ပိုင်ခွင့်အကုန် ပိုင်ဆိုင်ထားမှ တင်ခွင့်ပေးမှာရယ် စတဲ့ သတ်မှတ်ချက်တွေပါ။
ဒီလို စည်းကမ်းသတ်မှတ်ချက်တွေဟာ ဥပဒေဆိုင်ရာ ခေါင်းခဲရမယ့်ကိစ္စတွေကို ရှောင်ကြဉ်ဖို့အတွက်ပဲဖြစ်ပြီး AI ရဲ့ copyright နယ်ပယ်ဟာလည်း ရှုပ်ထွေးပြီး မစမ်းသပ်ရသေးတဲ့ နယ်ပယ်ဖြစ်နေပါတယ်။ ဒါ့အပြင် Adobe ကလည်း ဒီလို ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေအတွက် ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။
Bloomsbury ဟာ J.K. Rowling ရဲ့ Harry Potter Franchise ကို 1997 မှာ စတင်ဖြန့်ဝေရင်း အောင်မြင်ကျော်ကြားလာတာပါ။ ယခုစာအုပ်ကို ထုတ်တဲ့ Maas သာ ယခုလက်ရှိ Bloomsbury ရဲ့ ထိပ်ဆုံးပိုင်းက author ထဲမှာပါဝင်နေပြီး သူမရဲ့ Throne of Glass (2012), A Court of Thorns and Roses (2015), and Crescent City (2020) စတဲ့ House of Earth and Blood ရဲ့ franchise ထဲက စာအုပ်တွေနဲ့ နာမည်ကြီးလာတာပါ။
Bloomsbury ယခုလုပ်လိုက်တဲ့ ကိစ္စဟာ digital artists တွေကို စိုးရိမ်မှုတွေ မြင့်တက်စေပြီး publishers တွေက လူတွေနေရာကို Midjourney နဲ့ Stable Diffusion ကဲ့သို့ text-to-image ထုတ်ပေးနိုင်တဲ့ AI tools တွေနဲ့ အစားထိုးလာနိုင်တယ်လို့ ထင်ကြေးများနဲ့ ဒေါသတွေ ဖောင်းပွလာကြပါတယ်။
Bloomsbury လိုမျိုး ကမ္ဘာ့ထိပ်တန်း publisher house က illustrator ငှားနိုင်ရဲ့သားနဲ့ ယခုလိုမျိုး Abobe Stock ပေါ်က AI နဲ့ထုတ်ထားတဲ့ပုံကို ဘာလို့ ယူသုံးရသလဲဆိုတ မေးခွန်းထုတ်နေကြပါတယ်။ Maas က စာအုပ် cover ပုံရဲ့ မူရင်းကို မသိသလို ယခုကိစ္စမှာ ပါဝင်ပက်သက်နေတာ မဟုတ်ဘူးလို့ထင်ရပေမယ့်လည်း သူမဟာ သူမရဲ့ Instagram မှာ ပုံတင်ပြီး ချီးမွမ်းထားတာပါ။
ယခုလို ကိစ္စဟာ တခြား publishers မှာလည်း ဖြစ်ခဲ့ဖူးပါသေးတယ်။ အရင်နှစ် December တုန်းက Tor Books ဟာ သူတို့ ထုတ်ပေးတဲ့ Christopher Paolini ရဲ့ Fractal Noise Novel ရဲ့ စာအုပ်ဖုံးက AI မှ ထုတ်ထားတဲ့ပုံဆိုတာ မသိခဲ့တာမို့ တောင်းပန်ခဲ့ရပါသေးတယ်။
Adobe ဟာ သူ့ရဲ့ AI product ဖြစ်တဲ့ Firefly ဟာ လိုင်စင်လုပ်ထားတဲ့ content တွေ၊ copyright မပါတဲ့ content တွေကိုပဲ အသုံးပြုထားတယ်လို့ ဆိုထားပါတယ်။ သို့သော် Adobe Stock ထဲက ပုံတွေတော့ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် copyright ရှိပြီးသားပုံတွေကို အသုံးပြုထားခဲ့လားဆိုတာ မေးစရာဖြစ်လာခဲ့တာပါ။
Adobe ဟာ သူတို့ရဲ့ copyright နဲ့ ပက်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာရဲ့လား၊ creators တွေအပေါ်မှာ ဥပဒေအရ တာဝန်ယူမှု တာဝန်ခံမှုရော ရှိရဲ့လား ဆိုတာတွေကလည်း သေသေချာချာ မသိရပါဘူး။
AI စနစ်တော်တော်များများဟာလည်း အင်တာနက်ပေါ်မှာရှိတဲ့ပုံတွေကို ပိုင်ရှင်အသိမပေးပဲ ယူအသုံးပြုထားကြပြီး တစ်ခါတစ်လေမှာ ပိုင်ရှင်ရဲ့ လက်မှတ်တွေပါ AI မှထုတ်ထားတဲ့ပုံတွေမှာ ပါဝင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် artists တစ်ချို့ဟာ AI မှ ထုတ်ထားတာပုံတွေက လူတွေလုပ်ထားတဲ့အရာတွေကနေ အကျိုးအမြတ်အလကားရရှိနေတာမို့ ethic မရှိဘူးလို့ ဆိုနေကြတာပါ။
Reference : ‘Not even NYT bestsellers are safe from AI cover art’ by The Verge