“ကလေးငယ်တွေ game ဆော့တာကို မဆူသင့်ကြောင်း မိဘတွေကို ပြောခဲ့တဲ့ AI Innovator”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကလေးများ နာရီပေါင်းများစွာ ဂိမ်းဆော့ခြင်းကြောင့် စိတ်ညစ်နေကြတဲ့ မိဘများဟာ ကလေးတွေရဲ့ နည်းပညာအပေါ် အသုံးချ ဖန်တီးနိုင်မှုကို အားပေးသင့်တယ်လို့ မကြာသေးမီက AI သန်းကြွယ်သူဌေးတစ်ဦးဖြစ်သူ Sir Demis Hassabis က BBC သို့ ပြောကြားခဲ့ပါတယ်။

Google DeepMind ရဲ့ တွဲဖက်တည်ထောင်သူ တစ်ဖြစ်လဲ boss ဖြစ်သူဟာ စစ်တုရင်ကစားခြင်း ဂိမ်းကစားခြင်းတို့နဲ့ ကြီးပြင်းလာသူတစ်ဦးဖြစ်ပါတယ်။ Google က ၎င်းရဲ့ကုမ္ပဏီကို 2014 ခုနှစ်မှာ ပေါင်သန်း 400 ဖြင့် ဝယ်ယူခဲ့ပါတယ်။

Sir Demis က BBC Radio 4’s Today မှာ ဂိမ်းကစားခြင်းက သူ့ကိုယခုလိုအောင်မြင်လာစေရန် ကူညီပေးခဲ့ကြောင်း ပြောကြားခဲ့တာပါ။ “သူတို့ကို ဂိမ်းကစားရုံတင်မဟုတ်ဘဲ ဖန်တီးမှုအပိုင်းကိုပါ တွေးတတ်မြင်တတ်အောင် သင်ပြပေးဖို့ အရေးကြီးပါတယ်၊ ကလေးတွေရဲ့ ဝါသနာတွေက ဘယ်ကို ဦးတည်နေမှန်း မသိပါဘူး၊ ဒါကြောင့် မိဘတွေက သားသမီးတွေကို သင်ယူလိုစိတ် ထက်သန်လာအောင် အားပေးပြီး အဲ့ကနေမှတစ်ဆင့် သူတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးနိုင်မှာပါ” လို့ ဆိုပါတယ်။

ကလေးတွေက အလွန်လျင်မြန် တိုးတက်ပြောင်းလဲနေတဲ့ ဒီကမ္ဘာကြီးမှာလည်း လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့ရာလည်း လိုအပ်တယ်ဆိုတာ ထည့်သွင်းပြောထားပါသေးတယ်။

ကလေးဘဝတုန်းက စစ်တုရင်ပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ Sir Demis က Cambridge တက္ကသိုလ်မှာ ပညာမသင်ကြားခင် ဆယ်ကျော်သက်အရွယ်မှာတည်းက multi million selling game တစ်ခုဖြစ်တဲ့ Theme Park အမည်ရတဲ့ ဂိမ်းကို ဒီဇိုင်းဆွဲ ဖန်တီးခဲ့ပါတယ်။

ဘွဲ့ရပြီးနောက်ပိုင်းမှာ ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး အာရုံကြောသိပ္ပံဆိုင်ရာ PhD ဘွဲ့ ရရှိခဲ့ပါတယ်။ 2010 ခုနှစ်မှာ လန်ဒန်အခြေစိုက် ကုမ္ပဏီ DeepMind ကို ပူးတွဲတည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Google ကို ရောင်းချခဲ့ပါတယ်။

ကြာသပတေးနေ့တုန်းက AI ဝန်ဆောင်မှုတွေ ပေးခဲ့တာကြောင့် UK မှာ knighthood ဘွဲ့ လက်ခံရရှိတဲ့အတွက် X ဆိုရှယ်မီဒီယာမှာ ဝမ်းသာမိကြောင်း ရေးသားထားပါသေးတယ်။ knighthood က သူနဲ့ သူ့အဖွဲ့ရဲ့ AI နယ်ပယ်တစ်ခုလုံးကို မျိုးစေ့ချပေးနိုင်ခဲ့တဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုခံရခြင်းဖြစ်ကြောင်းလည်း BBC မှာ ပြောကြားထားပါသေးတယ်။

DeepMind ကုမ္ပဏီကို ကိုင်တွယ်ဖို့ရာ လိုအပ်တဲ့ ကွန်ပျူတာပါဝါရှိတဲ့ ကုမ္ပဏီဖြစ်တဲ့ Google ထံကို လွန်ခဲ့တဲ့ 10 နှစ်က ရောင်းချခဲ့တဲ့အတွက် နောင်တရခြင်းမရှိကြောင်းလည်း ဆိုပါတယ်။

လူသားတွေကို တုပပြီး deep fake နည်းပညာနဲ့ လိင်အသားပေး ဗီဒီယိုတွေ ဖန်တီးမယ်ဆိုရင်က အပြင်လောကက လူသားတွေရဲ့ မျက်နှာအစစ်အမှန်တွေ ပါသွားနိုင်တာကြောင့် အတော်လေး အကျပ်ရိုက်နိုင်ပါတယ်။

Think Tank Rand ကော်ပိုရေးရှင်းမှ သုတေသီ Christopher Doss က deepfake video ဟုတ်မဟုတ် ခွဲခြားစိတ်ဖြာခြင်းက ‘deep fake ဟုတ်မဟုတ် မစမ်းစစ်နိုင်အောင် ကြိုးပမ်းနေသူတွေ’ နဲ့ ‘ခွဲခြားနိုင်ဖို့ရာ ကြိုးပမ်းနေသူတွေကြား’မှာ အားပြိုင်မှုတစ်ခုဖြစ်လာနေပြီလို့ ဆိုပါတယ်။

အများသူငှာ ရှာဖွေတွေ့ရှိနိုင်တဲ့ public ဒေတာတွေကို အသုံးပြုပြီး AI ကို လေ့ကျင့်သင်ကြားပေးရတာ များတာကြောင့် အယ်လ်ဂိုရစ်သန်တွေမှာ ဘက်လိုက်မှုတွေ ရှိနိုင်ပါတယ်။ အလုပ်ရှာဖွေသူများအတွက်လည်း သူတို့ရဲ့ CV တွေကို ဒီလို AI tools တွေ သုံးပြီး စမ်းစစ်ခြင်းခံရရင်က ကိုယ့်ရဲ့ skills တွေကို အလုပ်ရှင်တွေ သေချာမသိနိုင်တော့ဘဲ ပိုပြီးသင့်လျော်တဲ့ အလုပ်သမားရှာတွေ့နိုင်ဖို့ရာ လွဲချော်နိုင်ပါတယ်။

AI က အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဝန်ကြီးချုပ် Rishi Sunak က 2023 ခုနှစ်တုန်းက ပထမဆုံး AI ဘေးကင်းရေး ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီးတော့ လုပ်ငန်းခွင်တွေမှာ AI tools တွေ အသုံးပြုရင် ဖြစ်လာမယ့်အကျိုးဆက်တွေအပေါ် စိုးရိမ်ပူပန်မှုရှိနေကြတာကို သိရှိကြောင်းနဲ့ AI ကြောင့်မို့ပဲ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ထက် မြန်မြန်ဆန်ဆန် ပြီးမြောက်စေနိုင်ကြောင်းလည်း ဆိုပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးမှာ Sir Demis က “AI ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအန္တရာယ်ကို လျှော့ချရေးဟာလည်း ကပ်ရောဂါနဲ့ နျူကလီးယားစစ်ပွဲလိုမျိုး အခြားသော လူမှုအသိုင်းအဝိုင်းဆိုင်ရာ အန္တရာယ်တွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးဖြစ်သင့်တယ်” ဆိုတဲ့ ကြေငြာချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

Sir Demis က BBC စီးပွားရေး အယ်ဒီတာ Simon Jack နဲ့ အင်တာဗျူးဖြေဆိုရာမှာ သူ့ကိုယ်သူ နျူဗုံးကို တီထွင်သူ Robert Oppenheimer လိုမျိုး ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မမြင်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်မျိုးဆက်တွေက သိပ္ပံပညာစွမ်းအားနဲ့ ဒီစွမ်းအားကို မှန်ကန်စွာ မကိုင်တွယ်ပါက အန္တရာယ်များကြောင်း သတိပေးခဲ့ကြပြီး AI ဟာ နျူကလီးယားထက် ပိုမိုကျယ်ပြန့်တဲ့ “မယုံနိုင်စရာ အပြုသဘောဆောင်တဲ့ သက်ရောက်မှု” ရှိကြောင်းလည်း ဆိုပါတယ်။

Reference: AI innovator Sir Demis Hassabis: Video games can boost creativity in young by BBC

AMCHACKS

Related